ဖြစ်နိုင်ရင် သူမရဲ့ မျက်ဝန်းတစ်စုံနဲ့ပဲ ကျွန်တော့ရုပ်အလောင်းကို အကျဉ်းချပေးပါ။
ရက်စက်တဲ့ စကားသံတွေရဲ့ ဝေးရာမှာ လူသေတစ်ယောက်လို ရွက်လွှင့် ခွင့်ပေးပါ။
ဟိုးအဝေးက တိမ်တိုက်တွေရဲ့ လွတ်လပ်ခြင်းတေးသံလိုပေါ့…။
(ချစ်မိသူဆိုတာ
စစ်မတိုက်ခင် မြားမလုပ်ဖြစ်ခဲ့တဲ့ သူပါ မေလေး..။ ချစ်မိပြီဆိုကတည်းက အဲ့ဒီနှလုံးသားဟာ တွယ်ရာမဲ့ခဲ့ပါပြီ။ စကားလုံးတွေကြား လမ်းပျောက်နေတဲ့ဒီကောင် ကတော့ သတ်မှတ်ချက် ကြီးတစ်ခုအောက်မှာ silly man
စာရင်းဝင်သွားပါပြီ။)

