ကျွန်တော်ကျောင်းကို
လမ်းလျှောက်သွားတတ်တယ်။ ကျောင်းဆိုတာက ကျွန်တော်တို့ကို လေ့ကျင့် ပျိုးထောင်ပေးတဲ့နေရာမဟုက်လား။
ကျွန်တော်
နေ့တိုင်းကျောင်းကို
လမ်းလျှောက်သွားတယ်။ ကျွန်တော်တို့ အိမ်မက်တွေ
အကောင်အထည်ဖော်ဖို့လေ။ လှည်းတန်နဲ့ ဗိုလ်တစ်ထောင်လောက်သာသာ
လမ်းလျှောက်
သွားရတာ ကမ္ဘာကျော်ဖို့
လုံလောက်နေပြီ။ ကျွန်တော်
တို့ သင်ကြားရေးစနစ်အရပြောပါတယ်။ အဓိက လုပ်ငန်းစဉ်က
ဆေးလိပ်မီးရှို့ခြင်းပါပဲ၊ ပြီးရင်လမ်းပေါ်ကို
Wednesday, August 22, 2012
လက်ဖက်ရည်ဆိုင်
( ဆရာမင်းခိုက်စိုးစန်၏ ဆောင်း
ကို
မှီငြမ်းထားပါသည်။)
လက်ဖက်ရည်ထိုင်ခြင်းရသဟာ ကျွန်တော့အတွက်အံ့သြစရာကောင်းသည်။ပျင်းရိခြင်းလက်တံရှည်များ၊ နား
လည်မှုေ၀၀ါးတဲ့ အိပ်စက်လဲလျောင်းရာနဲ့ သိုဝှက်ပုံကွဲချိန်များ၊ နေ့များညများကို
အရသာ
ခံချင်ရင် လက် ဖက်ရည်ဆိုင်မှာရှိနေတတ်သည်။ ည၏လေထဲတွင်ပါဝင်လာသော
တစ်စိမ်းဆန်မှုများကို တောက်ရွေ့ဖို့
ကျွန်
တော်တို့ ပေါ့ပေါ့ပါးပါးလက်ဖက်ရည်သောက်ဖြစ်ကြသည်။ အဆင်မပြေသော စိတ်ဓာတ်တွေကို
ရှုံချဖို့ ဆေး
လိပ်မီးခိုးတွေမှုတ်ထုတ်ဖြစ်ခဲ့ကြသည်။ ဘယ်သူတွေဘာပြောပြော ကျွန်တော်ကတော့ လက်ဖက်ရည်ဆိုင် ထိုင်
ခြင်းမှာ ရသမြောက်ခဲ့သည်။ တစ်ယောက်ထဲ
လုပ်နေသည်..ပြောချင်တာကတစ်မျိုး ပြောခဲ့တာကတစ်ဖုံ ဖြစ်နေတာကတစ်ခြား. .မဟုက်ပါရစေ
ညနေများသည်
စုန်းပြူးသဖွယ် ကျွန်တော်တို့ကို ခေါ်ဆောင်သွားနေသည်မှာ ကြာခဲ့လေပြီ။ မျက် လုံးများကို
စုံမှိတ်ဖို့ အတင်း
တိုက်တွန်းထားခဲ့သည်။ ဆွဲဆောင်မှု
ရှိသော မိန်မလှတစ်ယောက်၏ အချိုးအ
စားအတိုင်း မနက်ခင်းများကို တောက်ရွှေ့
၊ ညနေခင်းအိမ်မက်များကို
တုန့်ဆိုင်းစေခဲ့သည်။ ကျွန်တော်တို့ ညနေများစွာကို
ဖြတ်သန်းခဲ့ဖူးသည်။ ဟုတ်သည်.
. ဆန္ဒများစွာနှင့်
ကျော်ခွခဲ့ဖူးသည်။ မနက်ခင်း၏
အ တွေ့ အကြုံများကိုညနေခင်း၌
ထိုးသိပ်မေ့ပျောက်ခဲ့ကြသည်။ မနက်ခင်း၏
ရသကို နှလုံးသား
တစ်ခြမ်းနှင့် ခံစား
ပြီး အာရုံနောက်ခဲ့ရသည့် ညနေတွေ များခဲ့ပြီ။ ထို့ကြောင့်ညနေများကို
အပြည့်အဝ
ရေတွက်ခဲ့ကြသည်။ နွေ၊
မိုး၊ ဆောင်း
အလီလီ
ရဲ့ညနေများကို
တိတ်တဆိတ်ငိုကြွေးခြင်း
စကားလုံးတွေ အသုံးအဖြုန်းကြီး
ငါ့ ကို သည်ထဲ ရောင်းစားလှည့် ပါ
ဝေ့ လည်ကြောင်ပတ် အတွေးတွေထဲ
ငါ့ ကို လှည့် စားလှည့် ပါ
ပလီပလာ လုပ်ပြီးချွဲတတ်သလို
ရယ်စရာလုပ်ပြီးဟား တတ်သလို
ဘောလုံးတစ်လုံးလိုငါ့ ကို လှိမ့် 
အခုတော့ ငါ ရှိသမျှ အင်အားနဲ့ 
ရှိသမျှ အပြုံးတွေကို နှုတ်ခမ်းထောင့် က
မျက်ရည်စတွေနဲ့  လွှင့် တင် ဝဲပျံထား
ဒါကို မိန်းမလည် မကြီး နင်က တော့ 
လျစ်လျူ ရှုထားဆဲ
နေမိုးလူ
ငါ့ ကို သည်ထဲ ရောင်းစားလှည့် ပါ
ဝေ့ လည်ကြောင်ပတ် အတွေးတွေထဲ
ငါ့ ကို လှည့် စားလှည့် ပါ
ပလီပလာ လုပ်ပြီးချွဲတတ်သလို
ရယ်စရာလုပ်ပြီးဟား တတ်သလို
ဘောလုံးတစ်လုံးလိုငါ့ ကို လှိမ့် 
အခုတော့ ငါ ရှိသမျှ အင်အားနဲ့ 
ရှိသမျှ အပြုံးတွေကို နှုတ်ခမ်းထောင့် က
မျက်ရည်စတွေနဲ့  လွှင့် တင် ဝဲပျံထား
ဒါကို မိန်းမလည် မကြီး နင်က တော့ 
လျစ်လျူ ရှုထားဆဲ
နေမိုးလူ
Saturday, August 18, 2012
ငရဲပန်း
နံပါတ်၂ နေရာကို
ခြေစုံပစ်ဝင်ဖို့
ခေတ္တ စောင့်ဆိုင်းပေးပါ
ပန်ရခက် စွန့်ရခက်
တော်ဝင် သဇင်ပန်းတစ်ပွင့်
ကိုယ်ကတော့
အညတရ ငရဲပန်း
အသွင်တူ အဆင်ကွဲ။
ကိုယ့်ဘ၀ ပင်လယ်ထဲ
လက်ပစ်မ ကူးခပ်နဲ့
ဝဲဂယက်တွေ ပေါတယ်။
လခြမ်းပုံ နှုတ်ခမ်း
ငါ့အသည်းတွေ
ယားကျိကျိနဲ့
ထိုင်မထိ
နေမသာ
ကိုင်ကြည့်မရ။
သေးသွယ်ကိုယ်လုံးက
သွေးရောင်လွှမ်းဖုံး
အကြည့်တွေ စူးလွန်းတော့
ပါဝါထူထူ မျက်မှန်ကြီးနဲ့
ကာကြည့် ကာကြည့်
လခြမ်းပုံ
အောက်နှုတ်ခမ်းက
မူလုံးတွေ လွှတ်လာတော့
ပြေးပေါက်ရှာမရ။
Friday, August 17, 2012
တက္ကသိုလ်အမှောင်နှင့် ကောလိပ်စရိုက် (၃)
ကျွန်ုပ်တို
့သတင်းအတတ်ပညာ ဆိုတဲ့ ဘာသာရပ်ကြီးမှာ JNL ဆိုတဲ
့ အဓိက major ဘာသာ ကို ယူရတယ်ဗျ…ကျန်တဲ့ 
minor တွေမှာ တခြားဘာသာတွေကိုလည်း ကိုယ့်  စိတ်တိုင်းကျမဟုတ်ဘဲ…
Friday, August 10, 2012
တက္ကသိုလ်အမှောင် နှင့် ကောလိပ်စရိုက် (၂)
ကောလိပ်ရှိ
အထူးပြုဘာသာရပ်များကို ကိုယ်စားပြုပါဆိုလျှင် အမျိုးသားစီမံခန့် ခွဲမှုပညာကောလိပ်ရှိ
သတင်းအတတ်ပညာဘာသာရပ်နှင့်  သတင်းအတတ်ပညာကျောင်းသားများကိုသာ
ငါ့သမိုင်း ငါရေးခဲ့
ရွက်ဖျင်ကြားမှာနေ
ဝါးခင်းကြမ်း ပေါ်မွေး
ဘ၀ကို အန္တရာယ်တွေကြားက
လူဖြစ်အောင်နေ။
ချက်လည်း ဒီအိုး
စားလည်း ဒီဇလုံ
မိဘတွေကျန် ခဲ့တဲ့အမွေ။
ဆန်ကြမ်း
စားပြီး
အင်အားတွေမွေး
နုံချာလွန်းတဲ့ ဘ၀ထဲ
မွေ့ပျော်ရင်း
ရှေ့ကိုချိတ်ဆက်ခဲ့တယ်။
ငါ့သမိုင်း ငါ့ဘာသာရေးခဲ့
ငါ့ခြေထောက်ပေါ် ငါရပ်လို့
ဆွေမျိုးတွေ အားမကိုးဘူး
ငါ့ထမင်း
ငါစားရင်း. . . .။
Thursday, August 9, 2012
လျှို့ ဝှက်ထားရမည့် အချက်
တရေးနိုးက
အိပ်မက်မြေမှာ
မြေစမ်းခရမ်းပျိုးလို့ 
အိပ်မက်မြေမှာ
မြေစမ်းခရမ်းပျိုးလို့ 
Wednesday, August 8, 2012
“တက္ကသိုလ် အမှောင်နှင့် ကောလိပ်စရိုက်(၁)”
အချို့ ကား ကောလိပ်ကျောင်း စတက်ရ ပြီဆိုသည်နှင့်  စီးထားသော
ဖိနပ်ကား မြေကြီး နှင့်  မထိဘဲ…မြောက်ကြွမြောက်ကြွ ဖြစ်တတ်ကြသည်….။ကျွန်ုပ်မူကား… ကောလိပ်ကျောင်းစဖွင့်
ပြီ ဆိုကတည်းက အိမ်အဝ၌ ၊အိမ်အခန်းအတွင်း၌ အခန့် သား ထိုင်ငိုင်နေတတ်သည်။မိဘများက ‘ငါ့သား
များ ရည်းစား ရနေပြီလား ’ ဟု
Tuesday, August 7, 2012
တောင်းပန်တာမဟုက်ဘူး. . .ရင်ဘက်တွေသိမှာပါ
မပြောချင်လည်း ပါးစပ်ပိတ်မှုဟာ
ပျောက်ဆုံးမှု
တစ်ခုသာသာ၊
ဆရာသခင်နှင့်နှစ်ပေါင်းများစွာကြာ
လူတောသူတောမှာ မရှိခဲ့ရဘူး။
Monday, August 6, 2012
နွေကာလရဲ့ ဖုန်မှုန့်များ
နေ့စဉ်သင်
ဒီအခန်းဘ၀ဆက်မှာ
မြဲမြံတာ သမိုင်းဟောင်းများ
ပျင်းရိလွန်းလို့ လည်ချောင်းထဲ
ယားကျိကျိနေတယ်။
မထိုက်တဲ့ အလင်းထဲတိုးဝင်ခြင်း
ကျေးဇူးပြု၍ အလင်းတန်းများဖြန့်ကျက်ပေးပါ
ဝေခွဲမရတဲ့ ရှင်သန်ခြင်းကို
ရက်စက်တာ မဟုက်ပေမဲ့
နင်မသိခဲ့တဲ့ မြေမှုန်တွေအကြောင်း
ယုရေ. .
.
တောင်းပန်ပါတယ်. . တကယ်ပါ။ ငါဆိုတဲ့ကောင်က
မထုံတတ်သေးဟန်ဆောင်ခဲ့ပေမဲ့ ရှင်သန်ခြင်း
တွေ အပိုင်းပိုင်းပြတ်သုန်း သွားခဲ့တာ
အခုထက်ထိ။ နင်ကျခဲ့တဲ့ မျက်ရည်တွေ
. . ငါမြင်နေရတော့ နာ ကျင်ခဲ့ရတာ
သန်းခေါင်ယံညအိပ်မက်ဆိုးတစ်ခုလိုပါပဲ။
အတိက် ပန်းချီမှာ
Sunday, August 5, 2012
နေရာ
နေရာလေးတခု.... ငါရပ်နေတယ်...
မနေ့ကတော့ .. ငါ ထင်နေတာ.. သေချာတဲ့ နေရာတခုပေါ့....
ဒါပေမယ့်...
ဒီနေ့ ငါ ထပ်ကြည့်လိုက်မိတယ်...
ငါ ထင်နေတာ နဲ့ ငါ ရပ်နေတာ... မသေချာတော့ ပြန်ဘူး....
မနေ့ကတော့ .. ငါ ထင်နေတာ.. သေချာတဲ့ နေရာတခုပေါ့....
ဒါပေမယ့်...
ဒီနေ့ ငါ ထပ်ကြည့်လိုက်မိတယ်...
ငါ ထင်နေတာ နဲ့ ငါ ရပ်နေတာ... မသေချာတော့ ပြန်ဘူး....
ရောင်စုံများ နှင့် အမှောင် ဓာတ်ပုံများ
ပြောရမယ်ဆိုရင်တော့  ခပ်ဆန်းဆန်း၊ ခပ်လန်းလန်းရယ်ဗျ
။ ကျွန်တော် နေထိုင်နေတဲ့ ရာစုနှစ်ကို ခင်ဗျားတို့  ခေ တ်တွေ ထက် အများကြီး သစ်တဲ့ ရာစုနှစ်…လို့ ပဲမှတ်ထားပေးကြပါ
ကျွန်တော့် နာမည်က ငဘုတ် ဗျ။ ကျွန်တော်က လောကမှာ
လိုတိုင်းတ တတိုင်းရတဲ့  လူတစ်ယောက်ဖြစ်ချင်ခဲ့ တာပေါ့ ။ဒါ ပေမဲ့  မထင်မှတ်ပဲ ကျွန်တော်ဟာ
ဓာတ်ပုံဆရာတစ်ယောက်ဖြစ်ခဲ့ တယ်။ဝါသနာမှာ မြစ်ဖျားခံပြီး ဓာတ်ပုံရိုက်ခြင်းဆိုတဲ့ အလေ
့အထက ကျွန်တော့် ဆီကို စီးဝင်လာခဲ့ တယ်။ကျွန်တော်
နဲ့  ကျွန်တော့် မိသားစုက
လောကနတ်
လျှောက်တဲ့လမ်းဟာကြမ်း
အမှောင်မှာ မိုးလေ၀သမကောင်းပေမဲ့
ဖောက်ပြန်နေတာက ရှေ့ဆက်ပင်စင်ချိန်
ဘ၀နေ၀င်ချိန်မှာလေ။
ပိုင်ရှင်မဲ့စွန်
ဘ၀တစ်ကွေ့မှာ ထိခိုက်မိတဲ့
မြေမှုန်နှစ်ခုရှိတယ်။
နီးစပ်မှုဝင်ရိုးစွန်းနဲ့ ဝေးကွာမှုဝင်ရိုးစွန်း
ဇာတိမာန်
ဒါတို့တိုင်း၊ တို့ပြည် ၊
တို့မြန်မာဟာ
အတိက်တစ်ခုအလား
တရုက်ပါဝါရိမ်းဂျား
ကား တီဗီမှာ
နေ့တိုင်းပါတယ်။
လိုချင်တောင့်တမှုများ
လိုချင်တောင့်တမှုများ.
. . . .။ ကျွန်တော့လိုချင်တောင့်တမှုများကတော့
အများကြီးပဲရှိသည်။ ထူးဆန်းထွေလာတွေမဟုက်ပေမဲ့
အခုအချိန်ပြန်စဉ်းစားမိရင် အင်မတန်အသိခက်ဥာဏ်တိမ်သော ချင်ခြင်းတပ်မှုများပင်ဖြစ်သည်။ အရောင်မျိုးစုံ ခြယ်သထားသော
ပန်းချီဆရာ လက်ဆမသက် ရ သေးသော ပိတ်စတစ်လို ရသပျော်ဝင်စီးစင်းမှုကင်းမဲ့လှ၏ ။
ကျွန်တော့ဘ၀ဇာတ်ကြောင်းပြောင်းရမလား
မနေ့က ဘုရားသွားကြမယ်ဆိုလို့ ဒီနေ့ မနက် ကျွန်တော် ၇နာရီ မှာနိုးလာသည်။ အရင်နေ့ တွေ ဆို ၉နာ ရီတောင်မနဲ့ ထရသည့် ကျွန်တော် ဘုရားသွား မယ်ဆိုလို့ ထခြင်းဖြစ်သည်။ နောက် မျက်နှာ သစ် ခြင်းအမှု၊ ရေချိုးခြင်း အမှုကိုပြုပြီးသော အခါ အဆောင် သားတွေနှင့် လက်ဖက်ရည်ဆိုင်သို့
Friday, August 3, 2012
ကဗျာတစ်ပုဒ် ၌ယဇ်ပူဇော်ခြင်း
မနေ့က ရေမရှိဘူး
ဒီနေ့လည်းရေမရှိပြန်ဘူး။
ခန်းခြောက်နေတဲ့ သမုဒ္ဒရာဟာ
ကွဲအက်နေခဲ့ ရှင်သန်ခြင်း
ဘာတွေများ လိုနေသေးလို့လဲ
ဧ၀ မသိခဲ့တဲ့ အာဒံရဲ့ ပန်းသီး
ဇာတ်လမ်းကတော့ ပြတိုက်ထဲ ရောက်နေပြီ။
ဒါပေမဲ့ နင်မေ့လျော့နေတုန်း
အများကြီး မျှော်လင့်မိတော့
အကြီးကြီး ရှုံးသလိုပေါ့
ဖြတ်ခဲ့တဲ့ နင့် အတွက်
Wednesday, August 1, 2012
အကောင်းဆုံးအနိုင်
အိပ်မက်တွေ နင်းခြေ
နှင်းဆီက ရောင်စုံသမ်းတော့
ဘဝက မသေချာဘူးပေါ့
လျှောက်လမ်းကို ပြောင်းပြန်လှမ်းရင်
'၀' လုံးကိုလည်း လှအောင်ရေးတတ်ရမယ်
Subscribe to:
Posts (Atom)






