အချို့ ကား ကောလိပ်ကျောင်း စတက်ရ ပြီဆိုသည်နှင့်  စီးထားသော
ဖိနပ်ကား မြေကြီး နှင့်  မထိဘဲ…မြောက်ကြွမြောက်ကြွ ဖြစ်တတ်ကြသည်….။ကျွန်ုပ်မူကား… ကောလိပ်ကျောင်းစဖွင့်
ပြီ ဆိုကတည်းက အိမ်အဝ၌ ၊အိမ်အခန်းအတွင်း၌ အခန့် သား ထိုင်ငိုင်နေတတ်သည်။မိဘများက ‘ငါ့သား
များ ရည်းစား ရနေပြီလား ’ ဟု
စိုးရိမ်သမှု
၊ မေးမြန်းမှုကို ပြုကြ ရှာလေသည်။ လုပ်ခွင့် ကိုင်ခွင့် သာလာသော ခေတ်၌
အလုပ်အကိုင်အခွင့်အလမ်း တွေက များလှသည်။သို့ သော် ကျွန်ုပ် မူကားသမိုင်း ၏တာဝန်ပေးခိုင်း
စေချက် အရ ကျောင်းသားဟူသော ဂုဏ်ထူးဝိသေသ ပြုထားခြင်းခံသည့်  လယ်ကွင်းရိုးပြတ်ရိုင်း ကြီး ၌ ဇွဲရှိသော နွားပမာ
တွင်တွင်ကြီး ခရီးပေါက်အောင် ရုန်းနေရပါ လေ၏။
ကျောင်းစတက်သည့် နေ့ မှ စ၍ သင်လိုက်သည်
့စာမှာ မြန်မာနိုင်ငံပညာရေး၏ ထုံးစံအတိုင်း တစာစာ နှင့် ပင် အချိန်များ ကျော်လွန်နေခဲ
့ရသည်။ဤသို့ လျှင် သင်သမျှ စာကို ရွတ်၊ဖတ်၊မှတ်၊အံ၊ရေး၊ဖြေ ပြု ရသော မြန်မာ့ ရိုးရာ
ပညာရေး ဓလေ့  ကြောင့်  ကျွန်ုပ်တို့ ကျောင်းသားတစ်သိုက်သည် အညောင်းမိ ရောဂါ စွဲကပ်ခြင်း ခံရလေတော့ သည်။ ထိုရောဂါကို
ကုစားရန်အလို့ ငှာ တစ်ခုံတည်းသာ ဝင့် ဝါစွာ တည်ရှိနေသော စာပွဲတင်တင်းနစ် ခုံလေးထံသို
့ လျှောက်လှမ်းခဲ့ သည်။တင်းနစ်ခုံလေးထားရှိရာ
အားကစားရုံလေးသည် ၃၅ ပေပတ်လည် ခန့် သာကျယ်ဝန်းလေ၏။ လူကငါးယောက် ၊ စားပွဲခုံကတစ်လုံး
၊
တုန့်  ပြန်
တွန်းကန်အား (ပါဝါ)နည်းသော စားပွဲ တင် တင်းနစ် အမည်ခံ သစ်သား သားရေကပ် ဘတ်တံ အစုတ်အပဲ
့ က နှစ်ချောင်း…။ ခွဲဝေရိုက်ကြရတော့ သည်။ ထိုသို့ သောအခါ ကျန်သော ၃ယောက်က ဘေးက လက်ပိုက်၍ပွဲကြည်
့ ပရိတ်သတ် လုပ်ရလေ သည်။ပွဲကြည့် ပရိတ်သတ်များ လည်းကြာတော့  သွေးလည်းမဆူ လူလည်းမနွေးသော ၄င်းတို့  အဖြစ်ကို ရှုစားသုံးသပ်ပြီးနောက် အနီးနားရှိ
သားရေဘောလုံး ကို ကျွန်ုပ် တို့  စားပွဲ တင်တင်းနစ် ခုံတည်ရှိ ရာ ၃၅ ပေ ပတ်လည် အားကစားရုံလေးထဲ၌
ဟိုဘက်သည် ဘက် ကလေးကလား ဝေးလေးဝါးလား
လှုပ်ရှားကာ
ခြေစွမ်းပြ ဆော့ ကစား နေကြလေတော့ သည်။
ကျွန်ုပ် တို့ ဆော့ ကစားရာ ၃၅
ပေ ပတ်လည် အခန်းကျယ်လေးထဲ ၌ မည်သူလှန်းမှန်းမသိလှန်းထားသော
ကလေး အဝတ်များ ထဘီများ ၏ ဝါလုံးတန်း က အတင့်  အတယ် နေရာ ယူခန့် ညားလျက်ရှိနေ၏။
“ဖြောင်း”
ဟူသော အသံကြီး ကို ကြားရ၍ တင်းနစ်ရိုက်နေသော သူငယ်ချင်းနှစ်ဦး နှင့်  ဘောလုံး ကန်နေသော
သူငယ်ချင်း (၃) ယောက် သည် မျက်ပြူးဆန်ပြာ ဖြစ်ရကာ ထိုအသံထွက်ပေါ်ရာနေရာသို့  ရှုစားလိုက်ကြလေသည်။
အလိုလေး….. အဝတ်လှန်း ချိတ်အဟောင်း တစ်ချောင်းကားမောင်မင်းကြီးသား သုံးကောင် ၏ ခြေစွှမ်းပြ
မှုကြောင့်  ငိုချင်သည့် ကလေးငယ် ကို လက်တို့  စလိုက်သည့် အလား ဖြောင်းခနဲ ကျိုးသည့် အဖြစ်သို့ ရောက်ရခြင်းပင်ဖြစ်လေသည်။
၎င်းသုံးကောင်လည်း မျက်လုံးလေးများ ပေကလပ်ပေကလပ်
နှင့်  ချိတ်အကျိုးကို သူတို့ မလုပ်မိသည်
့အလား ဟန်မပျက် ကောက်တင်ပေးထားခဲ့ ပြီး ကန်လက်စဘောလုံးကို ပြန်လည်ဆော့ ကစား ပျော်ပါးနေလေတော
့ သည်။ထိုအခိုက် ဝယ် ကျောင်း၏ လုံခြုံရေးလား….ကျောင်းဝေယျာဝစ္စ ပြုသူလားခန့်မှန်း ၍မရနိုင်သော
အမျိုးသမီး တစ်ဦးသည် ကျွန်ုပ်တို့ ဆော့  ကစားရာ အားကစားရုံလေးထဲသို့ ဝင်လာပြီး နောက်
၎င်းလှန်းထားသည်နှင့် တူသော အဝတ် လှန်းဝါးလုံးတန်းဆီသို
့သွားကာ…အဝတ်များကို ရုတ်လေသည်။ တစ်ဆက်တည်းမှာပင် ကျိုးနေသောချိတ်ကို ကိုင်ကာ သူ့ ငယ်ပေါင်းကြီးဖော်
ကြင်ယာတော်ဆုံးပါးသွားသည့် အလား “အမလေးတော်..ငါ့ ချိတ်တော့  သွားပါပြီ….”ဟုငယ်သံပါအောင်
ထအော်သည်။ တစ်ဆက်တည်းဆိုသလို ကျွန်ုပ်တို့  အားဆူပူကြိမ်းမောင်းလေတော့ သည်။ကစားကွင်
ဟူ၍ သတ်သတ် မှတ်မှတ် မရှိသော ကျွန်ုပ်တို့ 
ကောလိပ် ကျောင်းတော်ကြီးတွင် တစ်ရုံထဲသာ ရှိသော ကျောင်းသားအားကစားရုံ လေး၌ လာ၍ အဝတ်လှန်းထားသည်မှာ
သနားစရာ ၊အားနာစရာ ပင်ကောင်းလှသည်။ ပြီးလျှင် ၄င်း ပြောပုံကား အထက်စီးက စီးပိုးလွန်းသည်။မောက်မာလွန်းသည်။
နေ့  မနားညမနားဆော့ ကစားနေကြသည် မဝသေးဘူးလား ဟူသော စကားလည်းပါသည်။နောက်ဆုံးတွင် ဆရာကြီးနှင
့်သွားတိုင်မည်ဟု ကြိမ်းမောင်းပြောဆိုလေ၏။
ပညာဂုဏ်မောက်သည်ဟု ပြောရအောင်လည်း ၄င်း၏ ပညာရည်ကား
ကျွန်ုပ်တော့ မထင်…။ ထိုအမျိုးသမီးကို ကျွန်ုပ်တို
့တစ်သိုက် အစကနဦးက တောင်းပန်မည် ဟု စိတ်ကူးထားသည်။သို့ သော် ၄င်းပြောဆိုသော စကား၏
အနက် ၊မောက်မာမှုအတိုင်းအတာ ၊စီးပိုးမှုပမာဏတို့ အပေါ် ခြုံငုံ သုံးသပ်လိုက်သည်။ပြီးနောက်
အလှပဆုံးနှင့်  အယဉ်ကျေးဆုံး စကားလုံးများကို ပြောလိုက်သည်။ “ခင်ဗျားချိတ်ကို တမင်တကာ
လုပ်တာမဟုတ်ဘူး…..ကျုပ်တို့ ကို အဲ့ လောက်လည်း အော်စရာမလိုဘူး….ကြိုက်တဲ့ သူနဲ့  သွားတိုင်….”ဟူ၍တည်း….။ခဏကြာတော
့ ကျွန်ုပ်တို့  ကျောင်းသားများ၏ တောင်းဆိုချက်သည်
ပထမဆုံးအကြိမ် ပြည့် ဝသည်။ ထိုအမျိုး သမီး သည် ကျွန်ုပ်တို့  တောင်းဆိုသည့်  အတိုင်းပင် ကျောင်းအုပ်ကြီး ထံသို့ သွားရောက်တိုင်တန်းလေသည်…။ကျောင်းအုပ်ကြီးက
ကျွန်ုပ်တို့  ဘသားချောတစ်သိုက်ကို ခေါ်တွေ
့ ဆုံးမသည်။ ဆုံးမသလို အချိုသတ်သလိုလို နှင့် ကျွန်ုပ်တို့  ကျောင်းသားများရှင်းပြသည်ကိုပင်နားမထောင်
ဘဲ… “ကျောင်းသားဆိုတိုင်း အခွင့် အရေးကို မယူရဘူ:
”။
မှတ်သားလောက်သောစကားရယ်လား….။ ဆရာကြီးဆုံးမ ခိုက်
တွင် နံဘေး ရှိစာရေးမများက လည်းဘယ်တုန်းတည်းက ကြည့် မရသော အငြိုးကို မိုးအဖြစ်ရွာချလိုကြလည်းမသိ…ဝိုင်းအာကြသည်။
ကျောင်းသားများမူကား ပြန်ပြောလျှင် ရိုင်းသည် ဟု ကင်ပွန်းတပ်ခံရမည်။ စည်းကမ်းဟူသော စကားလုံးသံတိုင်းများအတွင်း ဘောင်သွင်းအကျဉ်းချ
ခံရပေဦးမည်။ ထို့ ကြောင့် ကျိတ်မှိတ် မျိုသိပ်ကာ ၄င်းတို့  စာရေး မ များ၏ တောင်စဉ်ရေမရ
နှုတ်ပူတိုက်စကားလုံးများကို ဘယ်ဘက်နားထဲမှ
ဝင်ခိုင်းပြီး ညာဘက်နားထဲ မှ ပြန်လည် ထွက်ခွာခိုင်းခဲ့ ရပေ၏။ ထို့ နောက် ဆုံးမ သြဝါဒဿန
စကားများအဆုံး၌ လွတ်စေဟု အမိန့်  ချပြီးသောကြောင့်  ရုံးဝမှ လှည့် ထွက်ပြန်လာခဲ့ ၏။
ထို့  နောက် ကျွန်ုပ် တို့ ကစားရာ အားကစားရုံလေးထဲသို့  မိကျောင်းလည်ပြန် ကြည့် မိသည်
။အဝတ် လှန်းသည့် ဝါးလုံး တန်းကား ခန့်  ထည်စွာနေရာယူရန် အခွင့် အရေး ရထားလေသည်။ နောက်ဆုံး၌
ကျွန်ုပ် သည်
“သြော် …ဝါးလုံးတန်းလေးရယ်…မင်းလောက်တောင်မှ တို
့ကျောင်းသားတွေမှာ အခွင့် အရေးတွေ မလျှံပယ်နိုင်ပါလားကွယ်….”ဟူသော စကားလုံးလေးကို သာ ရေရွတ်နိုင်ပေတော့ သတည်း…………..။
နေမိုးလူ

No comments:
Post a Comment