ကျေးဇူးပြု၍ အလင်းတန်းများဖြန့်ကျက်ပေးပါ
ဝေခွဲမရတဲ့ ရှင်သန်ခြင်းကို
သေလုအောင်ကြိုးပျက်နေတာ ဒီကကောင်
ဘာဖြစ်လို့များ နောက်ကျခဲ့တာလဲ. . .
နောင်တဟာ ငွေ့ရည်ဖွဲ့လို့
ရှေ့ဆက်ဖို့မှာလည်း စည်းဖောက်ခံရတယ်။
ဘီလူးစည်း
လူ့စည်းခွဲကြည့်တော့
ငါဘီလူးလား.
. .လူလား
သေချာတာတစ်ခုကတော့ လူဖြစ်ရတာ
ပင်ပန်းလွန်းတယ်။
ဖြစ်နိုင်ရင်.
. ပေါ့ပေါ့ပါးပါးရယ်ချင်ပေမဲ့
နှလုံးသား ဖွင့်ဆိုချက်က နင်ဖြစ်နေတော့
လက်နက်ချပေးထားတာပါ.
. .
အမုန်းဖွဲ့
သံစဉ်တော့တီးခက်မသွားပါနဲ့
နင်စေရာ..
နောက်နားမှာနေဖို့
ကျေးဇူးပြု၍.
. . ချစ်ခွင့်လေးတော့ပေးသနားပါ။
No comments:
Post a Comment