လျှောက်တဲ့လမ်းဟာကြမ်း
အမှောင်မှာ မိုးလေ၀သမကောင်းပေမဲ့
ဖောက်ပြန်နေတာက ရှေ့ဆက်ပင်စင်ချိန်
ဘ၀နေ၀င်ချိန်မှာလေ။
ဆရာဆိုတဲ့ဂုဏ်
ဆရာဝန်တွေ
ပြားပြာဝပ်
အင်ဂျင်နီယာတွေ ဖိန့်ဖိန့်တုန်
ဝန်ကြီးတွေလည်း အလေးပြု
အနုပညာရှင်တွေလည်း မမေ့လျော့
နောက်ဆုံး လမ်းဘေးရောက် ဂျပိုးတွေတောင်
ပုလင်းဖွက် အခစားဝင်ကြ၏။
မြင့်မြတ်နှလုံးသား၊
ထက်သန်တဲ့စေတနာ၊
ဝါသနာယုံကြည်ချက်နဲ့
ငါတို့ သင်မြင်ကြားဆရာများ
ဝမ်းရေးဟာ မီးတောက်လည်း
ဆေးဖိုးမှာ ပါးလျနွမ်းနယ်လည်း
မိသားစုအရေးမှာ ကာရံလွဲရလည်း
တပည့်များရှေ့ နတ်ဆိုးအကြီးစား
ဥပက္ခာတရားနည်းပါးတယ်၊
ဒေါသဂုဏ်မာန် မောက်တယ်၊
ဒီနေ့စာ ဒီနေ့ အရသင်တယ်၊
ဆရာများရဲ့
စာသင်ချိန်
ရွေ့လျားနေတာ ဆရာ့အသံ
ဆရာ့ဟန်၊ ဆရာ့မာန်
''အသုံးကိုမကျဘူး'' အဆူမခံရတဲ့
တပည့် လက်ချိုးရေ. . . ရေ
ဟုက်တယ်.
. . ဆရာတွေဟာနတ်ဆိုး
စေတနာ မွန်ထူနေတဲ့
စေတနာနတ်ဆိုး
ပညာတွေ တောင်လိုပုံနေတဲ့
ပညာနတ်ဆိုး
ပေးဆပ်ခြင်းမှာ ဆုံးဆုံးမြုပ်နေတဲ့
သူရဲကောင်းနတ်ဆိုး
တော်တော်ညံ့ညံ့
၊ ဆင်းရဲ ချမ်းသာ
အသွေးအသားထဲမှာ ရှိတာ
သူ့တပည့်မှ သူ့တပည့်
ကောင်းကင်တွေ အရောင်ပြောင်းပေမဲ့
ဆရာများရဲ့ကြိမ်
ဘယ်လိုပဲရိုက်ရိုက် နာတာကနာတာပဲ။
မှားနေတာက မှန်ဖြစ်သွားခြင်းကလွဲရင်လေ၊
No comments:
Post a Comment