ဘ၀တစ်ကွေ့မှာ ထိခိုက်မိတဲ့
မြေမှုန်နှစ်ခုရှိတယ်။
နီးစပ်မှုဝင်ရိုးစွန်းနဲ့ ဝေးကွာမှုဝင်ရိုးစွန်း
မိုးစက်သူရဲကောင်းမှာ
နင့်လက်မှက်ရှိတော့
ငါ့ကောင်းကင်မှာ
အုပ်မှိုင်းနေလိုက်တာများ
ရှင်သန်ခြင်းတောင် အဓိပÜာယ်ပဲကြွေခဲ့ရ
နင့်မှာကာရံရှိပြီးသားဆိုတော့
ဝိုးတ၀ါးနာကျင်ခြင်းဟာ
အချိန်မှာ ကာရံမဲ့တယ်။
ဗိုလ်တစ်ထောင်ဘုရားလမ်းတစ်လျှောက်
ခုန်ဆင်းသွားတဲ့ ငါ့ကျရှုံးခြင်းတွေ
ဘ၀တစ်ကွေ့တည်းမို့လို့တာပေါ့
အခုတောင်
လေထဲကအိမ် ငါဆောက်ဖြစ်နေဆဲ။
No comments:
Post a Comment